ကျင့်ဝတ်စည်းကမ်း
WordPress open source စီမံကိန်းတွင် ကျွန်ုပ်တို့ ပျိုးထောင်ပေးထားသည့် လူထုအသိုင်းအဝိုင်းသည် ကျွန်ုပ်တို့၏ အကြီးမားဆုံးသော အဖိုးတန်ပိုင်ဆိုင်မှု ဖြစ်သည်ကို ကျွန်ုပ်တို့ သိရှိနားလည်ပါသည်။ စီမံကိန်းတစ်ခုလုံးအနေဖြင့် The Cathedral and The Bazaar မှ အောက်ပါ အခြေခံ အတွေးအခေါ်ဆိုင်ရာ မူဝါဒများကို လိုက်နာဆောင်ရွက်ပါသည်တ
- WordPress အခမဲ့ပွင့်လင်းကုဒ် ပရောဂျက်သို့ ပါဝင်ကူညီမှုများသည် သတ်မှတ်ထားသော စီးပွားရေးလုပ်ငန်းများ သို့မဟုတ် တစ်ဦးတစ်ယောက်ချင်းစီအတွက် မဟုတ်ဘဲ WordPress လူထုအဖွဲ့အစည်းတစ်ခုလုံး၏ အကျိုးစီးပွားအတွက် ဖြစ်ပါသည်။ ပါဝင်ကူညီသူတစ်ဦးအနေဖြင့် လုပ်ဆောင်သော လုပ်ရပ်တိုင်းကို လူထုအဖွဲ့အစည်း၏ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှု၍ လုပ်ဆောင်သင့်ပါသည်။
- WordPress အခမဲ့ပွင့်လင်းကုဒ် ပရောဂျက်တွင် ပါဝင်ဆောင်ရွက်ခြင်းကို အရည်အချင်း၊ ကျွမ်းကျင်မှု၊ ဘဏ္ဍာရေး အခြေအနေ သို့မဟုတ် အခြား မည်သည့်စံနှုန်းကိုမျှ ကန့်သတ်ခြင်းမရှိဘဲ ပါဝင်လိုသူတိုင်းအတွက် ဖွင့်လှစ်ထားပါသည်။
- WordPress အခမဲ့ပွင့်လင်းကုဒ် ပရောဂျက်သည် စေတနာ့ဝန်ထမ်းများဖြင့် လည်ပတ်နေသော လူထုအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ပါဝင်ကူညီသူများကို ကုမ္ပဏီများမှ ပံ့ပိုးကူညီထားသည့်တိုင် ထိုအချိန်များကို အခမဲ့ပွင့်လင်းကုဒ် လူထုအဖွဲ့အစည်းတစ်ခုလုံး၏ အကျိုးစီးပွားအတွက် ပေးလှူထားခြင်း ဖြစ်ပါသည်။
- လူထုအသိုင်းအဝိုင်း၏ မည်သည့်အဖွဲ့ဝင်မဆို ဒီဇိုင်း၊ ကုဒ်၊ အကိုးအကားစာရွက်စာတမ်းများ၊ လူထုအသိုင်းအဝိုင်း တည်ဆောက်ခြင်း အပါအဝင် မည်သည့်ပုံစံဖြင့်မဆို ၎င်းတို့၏ အချိန်များကို ပေးဆပ်၍ စီမံကိန်းတွင် ပံ့ပိုးကူညီနိုင်ပါသည်။ နောက်ထပ် အချက်အလက်များအတွက် သွားရောက်ကြည့်ရှုပါ- make.wordpress.org။
- WordPress အခမဲ့ပွင့်လင်းကုဒ် လူထုအဖွဲ့အစည်းသည် လူမျိုးစုနှင့် အသွင်ကွဲစုံလင်မှု (Diversity) ကို တန်ဖိုးထားပါသည်။ ဆက်သွယ်ပြောဆိုမှုများတွင် ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်ရန် လှုံ့ဆော်ခြင်း၊ မုန်းတီးမှု ဖြစ်စေခြင်းနှင့် အဆင်မပြေသော အပြုအမူများ ကင်းဝေးစေခြင်းဖြင့် လူတိုင်း ပါဝင်ခွင့်ရှိသည်ဟု ခံစားရစေမည့် ကြိုဆိုတတ်သော ဝန်းကျင်တစ်ခုကို ထိန်းသိမ်းရန် ကျွန်ုပ်တို့ ကြိုးပမ်းဆောင်ရွက်ပါသည်။